၁၉၁၇ခုနှစ်က စတင်ခဲ့တဲ့ မြန်မာဝတ္ထုတိုတွေရဲ့ အခန်းကဏ္ဍဟာ အခု(၂၀၁၇)ခုနှစ်မှာဆိုရင် နှစ်ပေါင်း(၁၀၀)ရှိခဲ့ပြီဖြစ်ပါတယ်။
အဲ့ဒါကြောင့် မြန်မာဝတ္ထုတို ရာပြည့် ရက်သတ္တပတ်ပွဲကို Yangon Book Plazaမှာ ကျင်းပနေပါတယ်။ စိတ်ကူးချိုချိုစာအုပ်တိုက်က စီစဉ်မှုမှာ မြန်မာစာပေအဖွဲ့အစည်း(၇)ဖွဲ့ကလဲ ပူးပေါင်းပါဝင်ထားတာ ဖြစ်ပြီး စက်တင်ဘာလ(၃၀)ရက်ကနေ အောက်တိုဘာ (၆)ရက် အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
နာမည်ကျော် စာရေးဆရာကြီးတွေရဲ့ စာပေဟောပြောပွဲတွေ၊ စာပေဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေနဲ့ ကဗျာဆရာတွေရဲ့ ကဗျာရွတ်ဆိုပွဲတွေနဲ့အတူ နေ့အလိုက် သက်ဆိုင်ရာစာပေအဖွဲ့အစည်းတွေက ဆွေးနွေးသွားမှာလို့ သိရပါတယ်။
ဒီကနေ့ အောက်တိုဘာလ(၁)ရက်မှာဆိုရင် မန္တလေး ၀တ္ထုတိုဆရာ ဆရာမအဖွဲ့က စာရေးဆရာတွေက စာပေဟောပြောပွဲ ကျင်းပနေတာကိုတွေ့ရပါတယ်။
မြန်မာဝတ္ထုတို ရာပြည့် ရက်သတ္တပတ်ပွဲမှာ စာရေးဆရာ အယောက်၄၀က သူတို့ရဲ့ ၀တ္ထုတိုငါးပုဒ်စီ ပါဝင်တဲ့ ဝတ္ထုတိုစာအုပ်တွေကို အုပ်ရေ(၄၀)စီ ထုတ်ဝေပြီး ဒီစာအုပ်တွေကို ၃၀ရာခိုင်နှုန်း လျော့ဈေးနဲ့ ရောင်းပေးမယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထာက် - လွင်သဲငယ်ဦး