Skip to playerSkip to main content
  • 9 years ago
မနေ့က စတင်ကျင်းပတဲ့ရေကျော်ပွဲဈေးရဲ့ ပထမရက်မှာတော့ မနှစ်ကထက်စာရင် လူလာရောက်မှု နည်းပါးနေသေးတယ်လို့ ပွဲဈေးမှာ ရောင်းချသူတွေက ပြောပါတယ်။

ပွဲဈေးပထမနေ့ဆိုပေမယ့် အငြိမ့်ပွဲဖျော်ဖြေမှုတွေနဲ့ စတိတ်ရှိုးတွေနဲ့အတူ ဈေးဆိုင်ခန်းတွေကလည်း အပြည့်ပါပဲ ။

ရန်ကုန်မြို့က အစည်ကားဆုံးပွဲဈေးတွေမှာ တစ်ခုပါဝင်တဲ့ ရေကျော်ပွဲဈေးမှာ မြန်မာမုန့်မျိုးစုံနဲ့ ပွဲဈေးရာသီရောက်မှ စားရတဲ့ ရိုးရာမုန့်တွေနဲ့ ကွမ်းယာအချိုဈေးသည်တွေကိုလည်း တွေ့ရမှာပါ။

ပွဲဈေးတန်းတစ်ခုလုံးမှာ ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ရှိနေပြီး၊ မူးယစ်ဆေးဝါးနဲ့ မူးယစ်စေတက်တဲ့ အရာတွေကိုတော့ ရောင်းချခွင့်မပြုထားဘူးလို့ သိရပါတယ်။
ရေကျော်ပွဲဈေးကို အောက်တိုဘာလ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်ရှင်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Category

🗞
News

Recommended