Skip to playerSkip to main content
  • 9 years ago
သတင်းအချက်အလက် နည်းပညာတက္ကသိုလ်(ရန်ကုန်)နဲ့ စင်ကာပူပိုလီတက္ကသိုလ်က ကျောင်သားကျောင်းသူတွေပူးပေါင်းပြီး ရန်ကုန်မြို့က ကျေးရွာ(၃)ရွာကို သွားရောက်ကာ မြန်မာ့လက်မှုပညာလုပ်ငန်းတွေဖြစ်တဲ့ ဦးထုပ်လုပ်ငန်း၊၀ါးလုပ်ငန်းနဲ့ အိုးလုပ်ငန်းတွေကို လေ့လာခဲ့ကြပါတယ်။

အဲ့ဒီလို ၁၂ ရက်ကြာ လေ့လာတဲ့အခါမှာ ကျေးရွာမှာရှိတဲ့ အခက်အခဲတွေကို မေးမြန်းပြီး လက်မှုပညာလုပ်ငန်းတွေဖွံ့ဖြိုးဖို့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးနိုင်မှုတွေကိုလည်း ကျောင်းသားကျောင်းသူတွေက အဖြေရှာဖော်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အခုလို နှစ်နိုင်ငံက ကျောင်းသားကျောင်းသူတွေပူးပေါင်းပြီး ကွင်းဆင်းလေ့လာတဲ့ အစီအစဉ်ကို Learning Express(LeX) Programmeလို့ အမည်ပေးထားတာဖြစ်ပြီး ၂၀၁၆ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ အခုဒုတိယအကြိမ် လေ့လာတဲ့ အစီအစဉ် ကတော့ စက်တင်ဘာလ(၂၄)ရက်ကနေ စတင်ကာ အောက်တိုဘာလ(၅)ရက်မှာပြီးဆုံးမှာဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ(၃)ရက်က သတင်းအချက်အလက်နည်းပညာတက္ကသိုလ်(ရန်ကုန်)မှာ ကျောင်းသားကျောင်းသူတွေရဲ့ ခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်တွေကို ပြသခဲ့တဲ့အပြင် ပိတ်ပွဲအခမ်းအနားကိုလည်း ကျင်းပခဲ့ပါတယ်။

ဒီအစီအစဉ်မှာ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နဲ့ စင်ကာပူပိုလီတက္ကသိုလ်က ကျာင်းသားကျောင်းသူ (၆၂)ဦး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Category

🗞
News

Recommended