မြန်မာအမျိုးသမီး တစ်ယောက်ရဲ့ ယဉ်ကျေးမှုစရိုက်တွေနဲ့ မြန်မာပြည်အထက်ပိုင်းရဲ့ အလှတရားတွေကို ဖော်ကျူးမယ့် “မန္တလာမြေမှ ပန်းသစ္စာ”ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ “မန္တလာမြေမှ ပန်းသစ္စာ” ရုပ်ရှင် ဇာတ်ကားကြီးကို ဒါရိုက်တာ မျိုးဇော်အောင်က ရိုက်ကူးမှာဖြစ်ပြီး မေတ္တာဖွဲ့ဇာတ်လမ်း တစ်ပုဒ် အနေနဲ့ ပရိသတ်တွေကြည့်ရှုကြရမှာပါ။
“မန္တလေးမြေမှ ပန်းသစ္စာဇာတ်ကား”မှာ ဂျာမန်နိုင်ငံသား Mikis Weber က ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်မှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအတွက် အကောင်းဆုံးပြင်ဆင်သွားမယ်လို့ ပြောပါတယ်။
“မန္တလာမြေမှ ပန်းသစ္စာ”ရုပ်ရှင်ဇာတ်ကားတစ်ခုလုံးကို မန္တလေးမြို့ရဲ့နေရာတော်တော်များများမှာ ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်အိချောပိုကို မန္တလာသူ Tour Guide အဖြစ် ဒီဇာတ်ကားမှာ တွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကို Focus Power Media Production က ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင် Mikis Weber ၊ အကယ်ဒမီမင်းဦး၊ အကယ်ဒမီ မေသဉ္ဇာဦး၊ အကယ်ဒမီခင်ဇာခြည်ကျော်၊ အိချောပို၊ ပိုင်ဖြိုးသုနဲ့ အနုပညာရှင်များစွာ ပါဝင်ထားပါတယ်
ရုပ်သံသတင်းထောက် - အေးမြတ်