အာလူးနံ့သင်းသင်း မဆလာနံ့မွှေးမွှေးနဲ့ ကြွပ်ကြွပ်ရွရွ စမူဆာကြော် ကြော်စားကြဖို့အတွက် ဒီတစ်ပတ်ရဲ့ The Kitchen အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့လဲနီးပြီဆိုတော့ ဆီသန့်သန့်လေးနဲ့ မိမိကြိုက်နှစ်သက်တဲ့အရသာလေးရအောင် ကြော်ပြီး အလှူအတန်းလုပ်ရင်ဖြစ်ဖြစ် မိသားစုနဲ့ပဲစားစား အဆင်ပြေပြီး အရသာရှိတဲ့ အကြော်လေးပါ။
7Day TV ကရိုက်ကူးတင်ဆက်နေတဲ့ The Kitchen ရဲ့ ဟင်းလျာအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့တိုင်းနဲ့ မုန့်လုပ်အစီအစဉ်ကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ တင်ဆက်ပေးနေတာဖြစ်ပါတယ်။