မနက်ခင်း သတင်းစာ အစီအစဉ်က နေ့စဉ်ထုတ် 7Day Daily သတင်းစာမှာ ပုံနှိပ်ဖော်ပြပြီးဖြစ်တဲ့ သတင်းတွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒီနေ့တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းဘုရင်နန်းမွေဆက်ခံသည့် ရွှေရတု အခမ်းအနားသို့တက်ရောက်မည်၊ လူမှုရေးပင်စင်ကို ကျပ် ၁၅၀၀၀ ထိ တိုးမြှင့်ပေးရန် အကြံပြု၊ ကချင်စစ်ရှောင်စခန်းတွေကို ဒီချုပ်ဗဟိုအမျိုးသမီးအဖွဲ့ ခရီးစဉ်ယနေ့စတင်၊ တူရကီတွင် အစိုးရ၀န်ထမ်း ၂၅၄ ဦးကို ဖမ်းဝရမ်းထုတ်ပြန် ဆိုတဲ့သတင်းတွေပဲ ဖြစ်ပါတယ်။
မနက်ခင်း သတင်းစာ အစီအစဉ်ကို တနလာင်္နေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၁၀ နာရီတိုင်းမှာ တင်ဆက်သွားမှာဖြစ်ပါတယ်။