ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ငွေကြေးအလွဲသုံးမှု ပြည်ထောင်စုသို့ တင်ပြမည်
=================
ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း၏ ဘတ်ဂျက်နှစ်များတွင် ငွေကြေးသုံးစွဲမှုများနှင့်ပတ်သက်ပြီး စိစစ်တွေ့ရှိချက်အား ပြည်ထောင်စုအစိုးရသို့ တင်ပြမည်ဟု တိုင်းလူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောသည်။
"နိုင်ငံတော်က ပုသိမ်တက္ကသိုလ်အတွက် ချထားပေးတဲ့ ငွေလုံးငွေရင်းတွေကို ၎င်း ပြင်စရိတ်တွေနဲ့ ပတ်သက်ပြီးတော့ စိစစ်တွေ့ရှိချက်တွေကို ပြည်ထောင်စုအစိုးရကို ဆက်လက်တင်ပြထားတာ ရှိပါတယ်၊ တင်ပြတောင်းခံထားတဲ့ ခေါင်းစဉ်နဲ့ ငွေကြေးသုံးစွဲတဲ့အခါမှာ သုံးစွဲတဲ့ခေါင်းစဉ်နှင့် လွဲနေ တာ တွေ့ရပါတယ်။ တချို့ကိစ္စတွေမှာ ခေါင်းပြပြီး သုံးစွဲထားပေးမယ့် တကယ် မသုံးစွဲထားတာ တွေ့ရတယ်”ဟု လူမှုရေးဝန်ကြိးဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ပြောသည်။
စိစစ်ထားသည့် နှစ်များက ၂၀၁၅-၁၆၊၂၀၁၆ ၁၇နှင့်၂၀၁၇-၁၈ ဘတ်ဂျက်နှစ်များတွင် စိစစ်တွေ့ရှိ ကြောင်းကို ဝန်ကြီးက ဆက်လက်ပြောသည်။ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာ ညွန့်ဖေသည့် ၂၀၁၇ နှစ်ကုန်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ် အကဲဖြတ်ရေးဌာန ညွန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေတာဝန်ထမ်းဆောင်ရသည်။
ရိုက်ကူး-စည်သူမောင်မောင်