Skip to playerSkip to main content
  • 8 years ago
ေရႊမႈံရတီဆီက သင္ယူစရာေတြမ်ားတယ္လို႔ ဖြင့္ဟလာတဲ့ ေငြမႈံရတီ

ေမ - ၁၇၊၂၀၁၈

ဇြန္လထဲမွာ ေရႊမႈံရတီနဲ႔အတူ ရုပ္ရွင္ဇာတ္ကားႀကီးရိုက္ေတာ့မယ့္ သရုပ္ေဆာင္ေငြမႈံရတီက အႏုပညာေလာကထဲမွာရပ္တည္ႏုိင္ဖုိ႔ အစ္မရဲ႕ေဖးမမႈေတြ အမ်ားႀကီးရွိခဲ့တယ္လုိ႔ ဆိုလာပါတယ္။

အစ္မစိတ္တုိင္းက် တကၠသိုလ္ဝင္တန္းကိုျပန္လည္ေျဖဆိုခဲ့တဲ့ သရုပ္ေဆာင္ေငြမႈံရတီက အစ္မဆီမွာ အတုယူစရာအခ်က္ေတြအမ်ားႀကီးရွိတယ္လို႔လည္း ဖြင့္ဟလာပါတယ္။
အစ္မရဲ႕ရင့္က်က္မႈ၊ႀကိဳးစားမႈေတြကို အားက်သလို ေရႊမႈံရတီဟာ သူ႔ရဲ႕ဒုတိယအေမလို႔ိလည္း ေျပာပါတယ္။

အႏုပညာသက္တမ္းႏုေနေပမယ့္လည္း ပရိသတ္လက္ခံဖို႔အတြက္ အေကာင္းဆံုးႀကိဳးစားေနသလို အစ္မလိုေအာင္ျမင္တဲ့အႏုပညာရွင္တစ္ေယာက္ျဖစ္ေအာင္ႀကိဳးစားခ်င္တယ္လုိ႔ ဆိုလာပါတယ္။

ေငြမံႈရတီအေနနဲ႔ ေနာက္လထဲမွာ ေအာင္ရဲလင္း၊ ေရႊမႈံရတီတို႔နဲ႔အတူ ရုပ္ရွင္ရိုက္ကူးမွာျဖစ္ၿပီး သူ႔ရဲ႕ တတိယေျမာက္ရုပ္ရွင္ဇာတ္ကားႀကီးလို႔ သိရပါတယ္။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

Unicode

ရွှေမှုံရတီဆီက သင်ယူစရာတွေများတယ်လို့ ဖွင့်ဟလာတဲ့ ငွေမှုံရတီ

မေ - ၁၇၊၂၀၁၈

ဇွန်လထဲမှာ ရွှေမှုံရတီနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးရိုက်တော့မယ့် သရုပ်ဆောင်ငွေမှုံရတီက အနုပညာလောကထဲမှာရပ်တည်နိုင်ဖို့ အစ်မရဲ့ဖေးမမှုတွေ အများကြီးရှိခဲ့တယ်လို့ ဆိုလာပါတယ်။

အစ်မစိတ်တိုင်းကျ တက္ကသိုလ်ဝင်တန်းကိုပြန်လည်ဖြေဆိုခဲ့တဲ့ သရုပ်ဆောင်ငွေမှုံရတီက အစ်မဆီမှာ အတုယူစရာအချက်တွေအများကြီးရှိတယ်လို့လည်း ဖွင့်ဟလာပါတယ်။
အစ်မရဲ့ရင့်ကျက်မှု၊ကြိုးစားမှုတွေကို အားကျသလို ရွှေမှုံရတီဟာ သူ့ရဲ့ဒုတိယအမေလို့ိလည်း ပြောပါတယ်။

အနုပညာသက်တမ်းနုနေပေမယ့်လည်း ပရိသတ်လက်ခံဖို့အတွက် အကောင်းဆုံးကြိုးစားနေသလို အစ်မလိုအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်အောင်ကြိုးစားချင်တယ်လို့ ဆိုလာပါတယ်။

ငွေမှုံရတီအနေနဲ့ နောက်လထဲမှာ အောင်ရဲလင်း၊ ရွှေမှုံရတီတို့နဲ့အတူ ရုပ်ရှင်ရိုက်ကူးမှာဖြစ်ပြီး သူ့ရဲ့ တတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးလို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🎈
Fun

Recommended