Skip to playerSkip to main content
  • 8 years ago
ဇာတ္လမ္းတြဲေတြ အရိုက္မ်ားေနတဲ့ ေက်ာ္ဆု

ေမ - ၁၈၊ ၂၀၁၈

MRTV – 4 ဇာတ္လမ္းတြဲေတြနဲ႔ ပရိသတ္အသိအမွတ္ျပဳတဲ့ ေက်ာ္ဆုကေတာ့ ေနာက္ပိုင္းမွာလည္း ဇာတ္လမ္းတြဲေတြပဲ လက္ခံထားတယ္လုိ႔ သိရပါတယ္။

လက္ရွိမွာ လ်ိဳ႕ဝွက္သည္းဖိုျဖစ္တဲ့ “အဆိပ္ေသြး”ဇာတ္လမ္းတြဲမွာ ပါဝင္ထားၿပီး ေနာက္ထပ္ “ေရႊဖူးစာဆံုရာေျမ” ဆိုတဲ့ ဇာတ္လမ္းတြဲကိုလည္း ဆက္လက္ရိုက္ကူးေနတယ္လို႔ သိရပါတယ္။

MRTV – 4 နဲ႔ ၂၀၁၂ခုႏွစ္ကတည္းက လက္တြဲလာခဲ့တာျဖစ္ၿပီး ပရိသတ္ေတြရဲ႕ အသိအမွတ္ျပဳမႈေၾကာင့္ ဇာတ္လမ္းတြဲေတြ လက္ခံရိုက္ကူးျဖစ္တာလုိ႔ ေက်ာ္ဆုကေျပာပါတယ္။

ဂီတေလာကမွာေက်ာ္ၾကားတဲ့ အဆိုေတာ္ လႊမ္းပိုင္ရဲ႕ အကိုအရင္းတစ္ေယာက္အေနနဲ႔ အႏုပညာနယ္ပယ္မွာ သက္တမ္းႏုတာေၾကာင့္ ညီဆီက အကူအညီေတြအမ်ားၾကီးယူခဲ့ရတယ္လုိ႔လည္း ေက်ာ္ဆုက ေျပာပါတယ္။

ညီျဖစ္သူလႊမ္းပိုင္ဆီက အႏုပညာနဲ႔ပတ္သက္ၿပီး အၾကံဥာဏ္ေကာင္းေတြအမ်ားႀကီးရသလိုု လက္ရွိမွာ ပရိသတ္ေတာင္းဆိုမႈေၾကာင့္ ကိုယ္ပိုင္သီခ်င္းဆိုဖို႔ သီခ်င္းေရးထားတာေတြလည္းရွိတယ္လုိ႔ ေက်ာ္ဆုကေျပာပါတယ္။

လက္ရွိမွာ ေက်ာ္ဆုအေနနဲ႔ ဇာတ္လမ္းတြဲလက္ခံရိုုက္ကူးမႈပဲရွိသလို တျခားကမ္းလွမ္းမႈေတြ မရွိေသးဘူးလို႔လည္း သိရပါတယ္။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

Unicode

ဇာတ်လမ်းတွဲတွေ အရိုက်များနေတဲ့ ကျော်ဆု

မေ - ၁၈၊ ၂၀၁၈

MRTV – 4 ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အသိအမှတ်ပြုတဲ့ ကျော်ဆုကတော့ နောက်ပိုင်းမှာလည်း ဇာတ်လမ်းတွဲတွေပဲ လက်ခံထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ လျို့ဝှက်သည်းဖိုဖြစ်တဲ့ “အဆိပ်သွေး”ဇာတ်လမ်းတွဲမှာ ပါဝင်ထားပြီး နောက်ထပ် “ရွှေဖူးစာဆုံရာမြေ” ဆိုတဲ့ ဇာတ်လမ်းတွဲကိုလည်း ဆက်လက်ရိုက်ကူးနေတယ်လို့ သိရပါတယ်။

MRTV – 4 နဲ့ ၂၀၁၂ခုနှစ်ကတည်းက လက်တွဲလာခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကြောင့် ဇာတ်လမ်းတွဲတွေ လက်ခံရိုက်ကူးဖြစ်တာလို့ ကျော်ဆုကပြောပါတယ်။

ဂီတလောကမှာကျော်ကြားတဲ့ အဆိုတော် လွှမ်းပိုင်ရဲ့ အကိုအရင်းတစ်ယောက်အနေနဲ့ အနုပညာနယ်ပယ်မှာ သက်တမ်းနုတာကြောင့် ညီဆီက အကူအညီတွေအများကြီးယူခဲ့ရတယ်လို့လည်း ကျော်ဆုက ပြောပါတယ်။

ညီဖြစ်သူလွှမ်းပိုင်ဆီက အနုပညာနဲ့ပတ်သက်ပြီး အကြံဉာဏ်ကောင်းတွေအများကြီးရသလိုု လက်ရှိမှာ ပရိသတ်တောင်းဆိုမှုကြောင့် ကိုယ်ပိုင်သီချင်းဆိုဖို့ သီချင်းရေးထားတာတွေလည်းရှိတယ်လို့ ကျော်ဆုကပြောပါတယ်။

လက်ရှိမှာ ကျော်ဆုအနေနဲ့ ဇာတ်လမ်းတွဲလက်ခံရိုုက်ကူးမှုပဲရှိသလို တခြားကမ်းလှမ်းမှုတွေ မရှိသေးဘူးလို့လည်း သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🎈
Fun

Recommended