ဒါရိုက်တာထူးပိုင်ဇော်ဦးနဲ့ ဇာတ်ကားရိုက်မယ့်ဖွေးဖွေး
မေ ၂၆ ၂၀၁၈
ပရိသတ်တွေရဲ့ အချစ်တော်ဖွေးစိန်လေးက ဒါရိုက်တာထူးပိုင်ဇော်ဦး ရိုက်ကူးတဲ့ သူစိမ်းအိမ်ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်မယ်လို့ ဆိုပါတယ်။
အဲ့ဒီ့ ဇာတ်ကားမှာတော့ လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ ဖွေးဖွေးနဲ့ ညဇာတ်ကားမှာ သရုပ်ဆောင်သစ်တွေ ပါဝင်အားဖြည့်ထားပြီး ဇွန်လမှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
ဝါရင့်သရုပ်ဆောင်တွေနဲ့ တွဲဖက်ပြီး သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် အရမ်းရင်ခုန်နေတယ်လို့ သူမကဆိုပါတယ်။
ဇာတ်လမ်းရဲ့ ကာရိုက်တာနဲ့ကိုက်ညီအောင်ပြင်ဆင်ရပုံ၊ ဇာတ်ကားတွေ ရွေးချယ်ဖြစ်ပုံကို ဖွေးဖွေးက ဘယ်လိုပြောသွားလဲလို့ နားထောင်ကြည့်ရအောင်ပါ။
ရုပ်သံသတင်းထောက်-ခင်သက်ထားဦး