Skip to playerSkip to main content
  • 8 years ago
ဒဂုံတကၠသိုလ္ ကန္တင္းက ကေလးေတြအတြက္ စာသင္ဝိုင္းေတြလုပ္ေပးမယ္

ဇူလိုင္ - ၄ ၊၂၀၁၈

ဒဂံုတကၠသိုလ္ေက်ာင္းကန္တင္းက စားပြဲထိုးကေလးလုပ္သားေတြအတြက္ ညေနပိုင္းစာသင္ဝိုင္းေတြ ျပဳလုပ္ေပးဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

Union Project For Canteen Child လို႔အမည္ေပးထားတဲ့ အဲဒီပေရာဂ်က္မွာ ေက်ာင္းပညာဆက္လက္သင္ၾကားခ်င္တဲ့ ကေလးငယ္ေတြကို ေက်ာင္းထားေပးေရးနဲ႔ ပညာသင္ၾကားခ်င္တဲ့ ကေလးေတြကို ညေနပိုင္းပညာသင္ၾကားေပးေရးေတြကို လုပ္ေဆာင္ေပးသြားမွာ ျဖစ္ပါတယ္။

ေန႔စားကေလးလုပ္သားေတြအတြက္ သခ်ာၤ ၊ အဂၤလိပ္စာ အေရး၊ အေျပာေတြကို သင္ၾကားေပးဖို႔ စီစဥ္ထားတာ ျဖစ္ၿပီး၊ အျပင္က စာသင္ဝိုင္းေတြမွာ အလုပ္ဝင္ေရာက္လုပ္ကိုင္ေပးေနတဲ့ ဆရာ၊ ဆရာမ ၆ ဦးက အခမဲ့ သင္ၾကားေပးမွာ ျဖစ္တယ္လို႔ ဒဂံုတကၠသိုလ္ ေက်ာင္းသားသမဂၢ ဥကၠဌ ကိုနန္းလင္းက ေျပာပါတယ္။

အခုအခါမွာေတာ့ နဝမတန္းေက်ာင္းသူတစ္ဦးကို ပညာသင္စရိတ္အေနနဲ႔ တစ္လ တစ္သိန္းခြဲ ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။

ညေနပိုင္း စာသင္ဝိုင္းအတြက္ ကန္တင္းက ကေလးလုပ္သား ၁၈ ဦးခန္႔ စာရင္းေပးထားပါတယ္။

႐ုပ္သံသတင္းေထာက္ - ယဥ္မြန္

#ဒဂုံတကၠသိုလ္ #စာသင္ဝိုင္း #စားပြဲထိုး #7DAY TV

(Unicode)

ဒဂုံတက္ကသိုလ် ကန်တင်းက ကလေးတွေအတွက် စာသင်ဝိုင်းတွေလုပ်ပေးမယ်

ဇူလိုင် - ၄ ၊၂၀၁၈

ဒဂုံတက္ကသိုလ်ကျောင်းကန်တင်းက စားပွဲထိုးကလေးလုပ်သားတွေအတွက် ညနေပိုင်းစာသင်ဝိုင်းတွေ ပြုလုပ်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Union Project For Canteen Child လို့အမည်ပေးထားတဲ့ အဲဒီပရောဂျက်မှာ ကျောင်းပညာဆက်လက်သင်ကြားချင်တဲ့ ကလေးငယ်တွေကို ကျောင်းထားပေးရေးနဲ့ ပညာသင်ကြားချင်တဲ့ ကလေးတွေကို ညနေပိုင်းပညာသင်ကြားပေးရေးတွေကို လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

နေ့စားကလေးလုပ်သားတွေအတွက် သချာင်္ ၊ အင်္ဂလိပ်စာ အရေး၊ အပြောတွေကို သင်ကြားပေးဖို့ စီစဉ်ထားတာ ဖြစ်ပြီး၊ အပြင်က စာသင်ဝိုင်းတွေမှာ အလုပ်ဝင်ရောက်လုပ်ကိုင်ပေးနေတဲ့ ဆရာ၊ ဆရာမ ၆ ဦးက အခမဲ့ သင်ကြားပေးမှာ ဖြစ်တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုနန်းလင်းက ပြောပါတယ်။

အခုအခါမှာတော့ နဝမတန်းကျောင်းသူတစ်ဦးကို ပညာသင်စရိတ်အနေနဲ့ တစ်လ တစ်သိန်းခွဲ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

ညနေပိုင်း စာသင်ဝိုင်းအတွက် ကန်တင်းက ကလေးလုပ်သား ၁၈ ဦးခန့် စာရင်းပေးထားပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

#ဒဂုံတက္ကသိုလ် #စာသင်ဝိုင်း #စားပွဲထိုး #7DAY TV

Category

🎈
Fun
Comments

Recommended