Skip to playerSkip to main content
  • 8 years ago
ရတနာပုံတက္ကသိုလ်တွင်စတုတ္ထအကြိမ်မြောက် ဆန္ဒပြတောင်းဆိုမှုများပြုလုပ်
******************
ရတနာပုံတက္ကသိုလ်တွင် သန့်ရှင်းရေးဝန်ထမ်းများ တိုးမြှင့်ချထားပေးရေးနှင့် ကျောင်းတွင်းလုံခြုံရေး တာဝန်ယူပေးရေးအတွက် ဆွေးနွေးရန်တောင်းဆိုခဲ့သော်လည်း မန္တလေးတိုင်းအစိုးရနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုအချိန်ထိ အကြောင်းပြန်ခြင်း၊ပြုလုပ်ပေးခြင်း မရှိသဖြင့် ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်မှ ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာ ၁၃ ရက်၊နံနက်ပိုင်းက မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တွင်စတုတ္ထကြိမ်မြောက် ဆန္ဒပြတောင်းဆိုမှုများပြုလုပ် စဉ်။

ရိုက်ကူး ဘိုဘို မဇ္ဈိမ

ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်မှ ဆရာ၊ဆရာမများကို ကျောင်းဝင်ပေါက် ထွက်ပေါက်များတွင် လုံခြုံရေးစောင့်ရန်တာဝန်ပေးမှုများပြုလုပ်သည်ဟုဆိုကာ ရတနာပုံတက္ကသိုလ် ကျောင်းသား သမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ ပြည်ထောင်စုဝန်ကြီး ပညာရေးဝန်ကြီးဌာနသို့ လိပ်မူပြီး တိုင်ကြားစာပေးပို့သွားမည်ဖြစ်ကြောင်း ယနေ့ဆန္ဒထုတ်ဖော်ပွဲတွင်ပြောကြားသည်။

Category

🗞
News

Recommended