ချင်းပြည်နယ် ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ဟိုတယ်နှင့် လျှပ်စစ်မီးရရှိရေး အဓိကလုပ်ဆောင်မည်
**************************************
ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာစေရေးနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများတိုးတက် စေရေး အတွက် ဟိုတယ်များနှင့် တည်းခိုခန်းများ ဆောက်လုပ်ပြီး လျှပ်စစ်မီးရရှိရေးတို့ကို အဓိကလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက် ကပြောသည်။
" ကျွန်တော်တို့မှာ သိပ်မဖွံ့ဖြိုးသေးဘူး။ အခုမှ ခရီးသွားလုပ်ငန်းကို စလုပ်ကိုင်တာပါ။ချင်းပြည်နယ် ခရီးသွား လုပ်ငန်းတိုးတက်ဖို့ကို ကျွန်တော်တို့အနေနဲ့ ဟိုတယ်တွေ၊တည်းခိုးခန်းတွေဆောက်ဖို့ ဒီ၉မြို့နယ်လုံးမှာ လျှပ်စစ်ရရှိဖို့တွေကို လုပ်သွားမယ်။ဒီလိုခရီးသွားလုပ်ငန်းတိုးတက်လာရင် ပြည်နယ်တွင်းကို ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရင် ဒေသခံတွေအတွက် အကျိုးကျေးဇူးတွေရနိုင်မယ်လို့ ယုံကြည်ပါတယ်။" ဟု ဦးစိုးထက် ကပြောသည်။
ရိုက်ကူး/တည်းဖြတ်-ကျော့ကေခိုင်
သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/53900