Skip to playerSkip to main content
  • 7 years ago
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဒေသဦးစီးအဖွဲ့အနေဖြင့် ကွင်းဆင်းခြင်း မရှိသေး
=============================
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဒေသဦးစီးအဖွဲ့အနေဖြင့် နာဂဒေသကို ကွင်းဆင်းခြင်း မရှိဘူးဟု ထန်ပါခွေမြို့၊ ကျေးရွာစော်ဘွား ဦးဟော်မုန်က မဇ္ဈိမသို့ ပြောပါတယ်။

နိုင်ငံတော်က နာဂဒေသဖွံဖြိုးတိုးတက်ရေးအတွက် ဘတ်ဂျက်တွေ ချပေးထားပေမယ့် အခုလက်ရှိအချိန်အထိ နာဂဒေသဟာ ဖွံဖြိုးတိုးတက်ခြင်းမရှိသေးပဲ နာဂဦးစီးအဖွဲ့အနေနဲ့ ထန်ပါခွေမြို့ကို ၂၀၁၇ ခုနှစ်ကသာ တစ်ကြိမ်ပဲ လာရောက်သေးတယ်လို့ စော်ဘွားကပြောပါတယ်။

မဇ္ဈိမက ဒီကိစ္စနဲ့ပက်သက်ပြီး နာဂဒေသဦးစီးအဖွဲ့ကိုဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
ရိုက်ကူး-ဘုန်းနိုင်ဖြိုး

Category

🗞
News

Recommended