Skip to playerSkip to main content
  • 8 years ago
ရေပြတ်လပ်မှုဖြစ်နေသော လပွတ္တာမြို့နယ်ရှိ ကျေးရွာများကို ရေများ ဖြန့်ဝေ
****************************
လပွတ္တာမြို့နယ်တွင် ရေပြတ်လပ်မှု ဖြစ်ပွားနေသော ကျေးရွာ ၃၈ ရွာ သို့  ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက ရေများဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

“ရေငံပိုင်ဒေသတွေမှာ ကန်ရေသုံးရတဲ့ရွာတွေမှာ အများဆုံးဖြစ်တာတွေ့ ရပါတယ်။ ကန်ရေဆိုတော့ ဒီနှစ် ကလည်း ပူလောင်တာဖြစ်တဲ့အတွက် ရေခန်းခြောက်မှုတွေကြောင့် ဖြန့်  ဝေရတဲ့အနေထားဖြစ်တယ်”ဟု ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှညွန်ကြားရေးမှူးဦးနေထက်ရှိန်က ပြောသည်။

မူလခန့် မှန်းချက်အရ မြို့နယ် ၇ မြို့နယ်ရှိ ကျေးရွာ ၄၈ ရွာတွင် ရေရှားပါးမှုဖြစ်နိုင်ကြောင်း ခန့်မှန်းချက်အရ ကြိုတင်စီမံချက်များဖြင့် လုပ်ခဲ့ကြောင်း ဧပြီလ၂၃ရက်နေ့မှ စတင်ကာ မေလ၁၂ရက်နေ့ အထိ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀ မြို့နယ် ၊ ကျေးရွာ ပေါင်း ၅၇ရွာ၊ အိမ်ခြေပေါင်း ၉၇၉၆ စု၊လူဦးရေ ၄၀၅၂၈အတွက် ရေဂါလံ ၁၁၀၉၂၀ ဖြန့် ဝေပေးထားကြောင်း ဧရာဝတီတိုင်း ကျေးလက်ဒေသ ဖွံဖြိုးတိုးတက် ရေး ဦးစီးဌာနက သိရသည်။

ရိုက်ကူး -စည်သူမောင်မောင်

Category

🗞
News

Recommended