မဟာဓာတ်အားလိုင်းမှ ဓာတ်တိုင်ပျက်စီးမှု တစ်ပတ်အတွင်း ပြန်လည်ပြင်ဆင်
*************************
ဘီလူးချောင်းလောပိတရေအားလျှပ်စစ်စက်ရုံကနေ ရွှေမြို့ဓာတ်အားပေးခွဲရုံသို့ ပေးပို့နေတဲ့ မဟာဓာတ်အားလိုင်းမှ ပျက်စီးခဲ့တဲ့ ဓာတ်အားတိုင်ကို ၇ ရက်အတွင်း အမြန်ဆုံး ပြန်လည်ပြင်ဆင်နေတယ် လို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနဲ့ကွပ်ကဲရေးဦးစီးဌာနမှ ဒုတိညွှန်ကြားရေးမှူး ဦးအောင်ဇော်ငြိမ်းက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၈ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကာ ဓာတ်အားပေးပို့မှု ပြတ်တောက် ခဲ့သော်လည်း ပျဉ်းမနား၊ သာစည်တို့မှ ဓာတ်အားလိုင်းများ ပြန်လည်ပေးနေတဲ့အတွက် ဓာတ်အား ပြတ်တောက်မှု မရှိဘူးလို့ သိရပါတယ်။
အဆိုပါ ဓာတ်အားလိုင်းဟာ ၂၀၁၄ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ရွှေမြို့ဓာတ်အားခွဲရုံသို့ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ရိုက်ကူး၊တည်းဖြတ်-အောင်မြတ်သူ
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ