အလောင်းတော်ကဿပ ဂေါပကအဖွဲ့ ငွေကြေးအလွဲသုံးသည်ဟု သတင်းစာရှင်းလင်း
*******************
အလောင်းတော်ကဿပ ဂေါပကအဖွဲ့ကို ငွေကြေးအလွဲသုံးစားပြုကြောင်း တိုင်ကြားခဲ့သော်လည်း အရေးယူခြင်း မရှိသည့်အတွက် ဇွန် ၂ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ၊ ထန်းတောအင်းစပ် PCT ပရဟိဂေဟာရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီက တိုင်ကြားခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမှုများ ပြုလုပ်ပြီးသော်လည်း အရေးယူခြင်း မရှိသေးကြောင်း တိုင်ကြားသူဘက်မှ ပြောသည်။
ဂေါကအဖွဲ့အနေဖြင့် လမ်းဖောက်ခြင်း၊ ဈေးဆိုင်ခန်းကိစ္စများ၊ အဆောက်အဦကိစ္စ၊လေလံကိစ္စများနှင့် အလှူငွေများအပါအ၀င် ကျပ်သိန်း ၂၀၀၀ ခန့် အလွဲသုံးစားလုပ်ကြောင်း၊ ဘုရားဖူးရာသီ ပြီးသည်နှင့် ရွှေများပြန်ခွာယူကြောင်း အစရှိသည့်အချက်များကို ရှင်းလင်းခဲ့ကြခြင်း ဖြစ်သည်။
ရိုက်ကူး၊တည်းဖြတ်-ဘုန်းနိုင်ဖြိုး
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ