Skip to playerSkip to main content
  • 7 years ago
မွန်ပြည်နယ်လွှတ်တော်မှာ လွှတ်တော်အမတ်တွေ မေးမြန်းထားတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေကြားတဲ့ အစိုးရဘက်က အဖြေလွှာတွေကို အရင်က လွှတ်တော်အစည်းအဝေး မစတင်ခင် ကြိုတင်ပေးပို့ခဲ့မှု ရှိခဲ့ပေမယ့် မနေ့က ကျင်းပတဲ့ မွန်ပြည်နယ်လွှတ်တော် အထူးအစည်း အဝေးမှာ အစိုးရဘက်က ဖြေကြားချက်တွေကို ကြိုတင်ပေးပို့ခြင်းမရှိခဲ့ပါဘူး။

အဲ့ဒီလို အဖြေလွှာကြိုတင်မပေးတာဟာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ထပ်ဆင့်မေးခွန်းတွေကို စိုးရိမ်တာကြောင့်လို့ ကိုယ်စားလှယ်တွေက သုံးသပ်ခဲ့ကြပါတယ်။

Category

🗞
News

Recommended