Skip to playerSkip to main content
  • 7 years ago
ပြောင်းလဲကောက်ခံမည့် လျှပ်စစ်နှုန်းထား ပြည်သူကို မထိခိုက်အောင် ဆောင်ရွက်ထား
**************************************
အသစ်ပြောင်းလဲ ကောက်ခံမယ့် လျှပ်စစ်နှုန်းထားကို ပြည်သူလူထုအပေါ်မှာ မထိခိုက်အောင် လုပ်ဆောင်ထားတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ဇွန် ၁၃ ရက်နေ့က နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ပါတယ်။

ပြင်ဆင်ကောက်ခံမဲ့ နှုန်းထားနဲ့ အချိန်ကိုတော့ သိရှိရခြင်းမရှိသေးပေမယ့် တစ်ဖက်တွင်လည်း မီးသုံးစွဲသူ ဦးရေ များပြားလာပြီး မီတာဖတ်တဲ့ ၀န်ထမ်းဦးရေနဲ့ မမျှတတဲ့အတွက် ဒီဂျစ်တယ် မီတာဘောက်တွေ တပ်ဆင်ပေးထားသလို၊ လျှပ်စစ်သုံးစွဲသူပြည်သူများရဲ့ လက်ကိုင်ဖုန်းများမှတဆင့် အလွယ်တကူ မီတာဘေလ် ဆောင်နိုင်ရေးအတွက် ပိုင်းလော့ပရော့ဂျက်ဖြင့် စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ အိမ်သုံး လျှပ်စစ် တစ်ယူနစ်လျှင် ၃၅ကျပ်၊ လုပ်ငန်းသုံးတစ်ယူနစ်လျှင် ၇၅ ကျပ်နှုန်းထားဖြင့် ကောက်ခံလျက်ရှိပါတယ်။

ရိုက်ကူး၊တည်းဖြတ်-အောင်မြတ်သူ

Category

🗞
News
Comments

Recommended