Skip to playerSkip to main content
  • 7 years ago
#ProductShowCase

မြန်မာနိုင်ငံ ဒေသအသီးသီးက ထွက်ကုန်တွေ ရရှိနိုင်တဲ့ ပြင်ဦးလွင်စင်တာ
***********************
မြန်မာနိုင်ငံဒေသအသီးသီးမှာရှိတဲ့ ဒေသထွက်ကုန်တွေကို တစ်နေရာတည်းမှာ တစ်စုတစည်းတည်း ရနိုင်တဲ့ Pyin Oo Lwin Centre ကို မန္တလေး-လားရှိုးလမ်းမဘေး၊ ရေချမ်းအိုးရပ်မှာ ဖွင့်လှစ်ထားပါတယ်။

အထပ် လေးထပ် ရှိတဲ့ ပြင်ဦးလွင်စင်တာမှာတော့ မြေညီထပ်မှာဆိုရင် ပြည်တွင်းဖြစ် အမှတ်တရပစ္စည်းတွေ၊ ဖန်စီ၊ ဖက်ရှင်နဲ့ အလှကုန်ပစ္စည်းဆိုင်တွေ ဖွင့်လှစ်ထားပါတယ်။

ပထမထပ်မှာတော့ ကလေးကစားကွင်း၊ ကလေးပစ္စည်းအရောင်းဆိုင်၊ ကော်ဖီဆိုင်တွေ ဖွင့်လှစ်ထားရှိမှာ ဖြစ်ပါတယ်။ ဒုတိယထပ်မှာတော့ လျှပ်စစ်ပစ္စည်း၊ ပရိဘောဂပစ္စည်းဆိုင်တွေနဲ့ စီးပွားရေးသင်တန်းတွေ ဖွင့်လှစ်သွားမှာဖြစ်ပြီးအစည်းအဝေးခန်းမနဲ့ အခမ်းအနားအတွက် ခန်းမတွေလည်း ငှားရမ်းနိုင်ဖို့ စီစဉ်ထားပါတယ်။

တတိယထပ်မှာတော့ အစားအသောက်တွေ တစ်စုတစည်းတည်း ရနိုင်မယ့် Food Court လည်း ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

Category

🗞
News

Recommended