Skip to playerSkip to main content
  • 7 years ago
၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကုန်တွင် ချောင်းသာကမ်းခြေ မီးရတော့မည်
************************
“၂၀၁၈-၁၉ ပြီးရင် လုပ်ငန်းပြီးပြီပေါ့။ ချောင်းသာမြို့ထဲမှာရော၊ ရွှေသောင်ယံရော၊ ၊ဟိုတယ်ဇုန်ပါ မီးရမယ်၊ ဒါကိုတော့ တွန်းတိုက်ပြီး လုပ်နေတယ်။ ခွဲရုံကို ငွေဆောင်က လာမှ ၁ ခု၊ အထွက်က ၆ ခု ထွက်သွားမယ်၊”ဟု ဧရာဝတီတိုင်းဒေသကြီး၊ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ချောင်းသာမြို့ ဓါတ်အားခွဲရုံအား ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဟိုတယ်ဇုန်များ မီးရရှိရန် စီစဉ်ဆောင်ရွက်ထားကြောင်း ချောင်းသာမြို့၊လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးကျော်က ထံမှ သိရသည်။

ရိုက်ကူး-စည်သူမောင်မောင်

Category

🗞
News

Recommended