• 7 years ago
နည်းပညာလုံခြုံရေးအတွက် ဆိုက်ဘာဥပဒေအဓိက လိုအပ်ဟုဆို
********************
နည်းပညာအသုံးပြုမှုတိုးတက်လာတာနဲ့အတူ သတင်းအချက်အလက်ခိုးယူမှုတွေ၊ လိမ်လည်မှုတွေကလည်း တစ်နေ့တစ်ခြားတိုးပွားနေပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံတွင် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရာမှာ လုံခြုံရေးအတွက် အကာအကွယ်ပေးမယ့် ဆိုက်ဘာဥပဒေ အဓိကလိုအပ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးကွန်ပြူတာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမင်းဦးက ပြောပါတယ်။

ဆိုက်ဘာဥပဒေဟာ အွန်လိုင်း လိင်အကြမ်းဖက်မှုတွေ၊ ဒစ်ဂျစ်တယ် ငွေ ကြေး တွေ၊ အီလက်ထရွန်နစ်ပစ္စည်းတွေကို အသုံးပြုပြီး ပြစ်မှုကျူးလွန်တဲ့ မှုခင်းတွေအပါအဝင် အွန်လိုင်းပေါ်မှာ ဖြစ်ပွားလေ့ရှိတဲ့ မှုခင်းအမျိုးအစားအလိုက်ရေးဆွဲထားသော ဥပဒေဖြစ်ကြောင်း သိရသည်။

ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News

Recommended