သဘာဝပတ်ဝန်းကျင်အတွက် သစ်ပင်စိုက်ပျိုးကြနေကြပေမယ့် ထိန်းသိမ်းစောင့်ရှောက်မှုအားနည်း
************************
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်ပင်စိုက်ပျိုးနေကြပေမယ့် ထိန်းသိမ်းစောင့်ရှောက်မှုအားနည်းနေတယ်လို့ “ကမ္ဘာမြေချစ်သူ” ဆုပေးပွဲမှာ ဆုရရှိခဲ့တဲ့ အဖွဲ့ကပြောပါတယ်။
“နိုင်ငံမှာ နည်းနည်းချို့ယွင်းချက်ပေါ့နော်။ ကျွန်တော်ပြောချင်တာ မိုးရာသီသစ်ပင်စိုက်ပွဲဆိုရင် အဲ့စိုက်ထားတဲ့ သစ်ပင်ကို ကျွန်တော်တို့ နောက်ဘယ်သူမှ သွားမကြည့်ကြဘူး။ ကိုယ်စိုက်ထားတဲ့ သစ်ပင်ကိုသာ ရှင်သန်ကြီးထွားအောင်လုပ်မယ်ဆိုရင် နောက်နှစ်မိုးရာသီသစ်ပင်စိုက်ပွဲမှာ ထပ်စိုက်စရာမလိုတော့ဘူး။ နှစ်တိုင်း၊ နှစ်တိုင်း မိုးရာသီ သစ်ပင်စိုက်ပွဲလုပ်ဆောင်ခဲ့တဲ့ အနေအထားတွေမှာ သစ်ပင်တွေ အများကြီး ဖြစ်သင့်ပြီ။ နောက်နှစ်လည်း ဒီနေရာ၊ နောက်နှစ်လည်း ဒီနေရာ မဖြစ်သင့်ဘူး” လို့ ကသာမြို့ဖက်ဆွတ်ပန်းကျေးရွာ၊ ဝါးချစ်သူများအဖွဲ့ဥက္ကဋ္ဌ ကိုပြည့်စုံဝင်းက ပြောပါတယ်။
ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ