ပင်လယ်ဂေဟစနစ်နဲ့ ပလတ်စတစ်အန္တရာယ်
**********
ဂရိနိုင်ငံနားက Aegean ပင်လယ်ထဲမှာ မနှစ်မြို့စရာ အံ့သြဖွယ်တခုကို ရေငုပ်သမားတွေနဲ့ သဘာဝပတ်ဝန်းကျင် ရေးရာလှုပ်ရှားသူတွေ တွေ့လိုက်ရပြီး ရှင်းလင်းရေးလုပ်နေကြပါတယ်။ အရောင်စုံ သန္တာကျောက်တန်းနဲ့ တူတဲ့အရာတွေဟာ တကယ်တမ်းကျ ပလတ်စတစ်အမှိုက်တွေ ဖြစ်နေတာကို တွေ့လိုက်ရတာပါ။ ဒါဟာဖြင့် ပင်လယ်ပြင် ဂေဟစနစ်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေများစွာထဲက တခုပဲဖြစ်ပါတယ်။ Arash Arabasadi ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
***