Skip to playerSkip to main content
  • 7 years ago
ဒုံးကျည်စမ်းသပ်မှု မြောက်ကိုရီးယား တိုးမြှင့်လုပ်ဆောင်
**************************
မြောက်ကိုရီးယားက အင်္ဂါနေ့အစောပိုင်းမှာ တာတိုပစ် ပဲ့ထိန်းတပ်ဒုံးကျည်တွေ ပင်လယ်ထဲကို ပစ်လွှတ်ခဲ့ပြီး ဒီသီတင်းပတ်ထဲ ပြုလုပ်မယ့် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို မကျေနပ်ကြောင်း ပြသလိုက်သလို၊ မြောက်ကိုရီးယားဘက်က တုံ့ပြန်နိုင်တဲ့ နည်းလမ်းသစ် ရှိတယ်ဆိုတာကို သတိပေးလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ အခုနောက်ဆုံး ဒုံးကျည် ပစ်လွှတ်မှုဟာ အမေရိကန် ပြည်ထောင်စုရဲ့ ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် စတင် တာဝန်ထမ်းဆောင်တဲ့ Mark Esper ရဲ့ အာရှ-ပစိဖိတ် ဒေသတွင်း လာရောက်တဲ့ ပထမဆုံးအကြိမ်ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေတာပါ။ ဒေသတွင်း တင်းမာမှုတွေ တိုးလာနေချိန်မှာ သွားရောက်ခဲ့တဲ့ ဒီခရီးစဉ်မှာ ဝန်ကြီး Esper နဲ့အတူ လိုက်ပါလာတဲ့ VOA ပင်တာဂွန်သတင်းထောက် Carla Babb ရဲ့ သတင်းပေးပို့ချက်ကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

Category

🗞
News

Recommended