• 7 years ago
ရခိုင်စစ်ရှောင်များအတွက် အစိုးရဘက်မှ ကူညီထောက်ပံ့ရန်ရှိ
*****************************
ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် အစိုးရမှ ကူညီထောက်ပံ့မှုတွေ လုံလောက်စွာ ပေးဖို့ ရှိနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင် က ပြောပါတယ်။


“နိုင်ငံတော်အနေနဲ့ ဆောင်ရွက်တဲ့နေရာမှာလည်း နိုင်ငံတော်ကိုယ်စား ကျွန်တော်တို့ဝန်ကြီးဌာန တစ်ခုတည်းမဟုတ်ပါဘူး။ သက်ဆိုင်ရာ ကဏ္ဍအလိုက်ဝန်ကြီးဌာန အသီးသီးကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ကျန်းမာရေးကဏ္ဍအတွက်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဆောင်ရွက်ပေးသလို၊ လယ်ယာစိုက်ပျိုးရေးကိစ(စ) နဲ့ပတ်သက်လို့အပိုင်းကိုလည်း သက်ဆိုင်ရာ စိုက်မွေးဆည်က သူတို့နဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပညာရေးလည်းထိုးအတူပါပဲ” လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင် က ပြောပါတယ်။

ရိုက်ကူး၊တည်းဖြတ်-အောင်မြတ်သူ

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59479

Category

🗞
News

Recommended