ဒေါက်တာစိန်းဝင်းနှင့် တွေ့ဆုံမေးမြန်းခန်း
**********************
“ NLD ပါတီက မိခင်ပါတီပါ။ ပြန်ဝင်ဖို့ ပြန်လုပ်ဖို့တော့ မဟုတ်ပါဘူး။ သို့သော်လည်း အကယ်၍ သူတို့က ကျွန်တော့်တို့ အမြင်တွေ အကြံတွေ ပေးသင့်ရင်တော့ ပေးတာပေါ့။ သူတို့လည်း ယူသင့်ရင် ယူပေါ့။ ကျန်တဲ့ တိုင်းပြည်ကို အကျိုးပြုနိုင်တာတွေ ရှိတော့လည်း လုပ်သင့်တာ လုပ်မှာပေါ့” ဒေါက်တာစိန်းဝင်း
ဗိုလ်ချုပ်အောင်းဆန်း၏ အစ်ကို အာဇာနည်ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးဘ၀င်း၏ သားဖြစ်သူ အဝေးရောက်ညွန့်ပေါင်းအစိုးရ (NCGUB) ၀န်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းသည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကို တစ်ဝမ်းကွဲ တော်စပ်သည့် ဒေါက်တာစိန်းဝင်းအနေဖြင့် လက်ရှိနိုင်ငံရေး အခြေအနေတွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်သွားမည်ကို မဇ္ဈိမမီဒီယာက တွေ့ဆုံးမေးမြန်းထားခြင်း ဖြစ်သည်။
ရိုက်ကူး/တည်းဖြတ် - ဇေယျာမော်
#Interview #တွေ့ဆုံမေးမြန်းမှု #MizzimaNewsInBurmese #မဇ္ဈိမ