ရေကြီးမြေပြိုမှုများကြောင့် ကျောင်းသား၊ ကျောင်းသူ ၁၆ဦးသေဆုံး
*************************
ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးဒဏ်ကြောင့် မွန်ပြည်နယ်မှာ ကျောင်းသား၊ကျောင်းသူ သေဆုံးမှု ၁၆ ဦး ရှိပြီဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်းမော်ထွန်းပြောပါတယ်။
သြဂုတ်လ ၁၃ ရက်နေ့ကပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်မှာ မီဒီယာများရဲ့ မေးမြန်း မှုကို ပြန်လည်ဖြေကြားခဲ့တာပါ။
လက်ရှိမှာတော့ သဘာဝဘေးဒဏ်သင့်ဒေသတွေမှာ ကျောင်းပေါင်း ၇၀ ကျော်ကို ပိတ်ထားရပြီး ရေပြန် ကျသွားပါက အစားထိုးပြန်လည်သင်ကြားမှုတွေ လုပ်ဆောင်ပေးသွားမယ်လို့သိရပါတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ ရေဘေးသင့် အိမ် ထောင်စု ၃၉၀၀၀ကျော်မှာ လူဦးရေ ၁၈၀၀၀၀ကျော် ရှိပြီး၊ သေဆုံးသူ ၅၈ ဦးထိရှိကြောင်းသိရပါတယ်။
ရိုက်ကူး - အောင်မြတ်သူ