ကစားသမားဘဝက အနားယူမယ့်အချိန်ကို အရိပ်အမြွတ်ပြောကြားခဲ့တဲ့ ရော်နယ်လ်ဒို
************************
ဂျူဗင်တပ်စ်စူပါစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူအနေနဲ့ ကစားသမားဘဝကနေ ဘယ်ချိန် အနားယူမလဲဆိုတာ မသေချာသေးပေမယ့် သိပ်မကြာတော့မယ့် လာမယ့်နှစ်မှာ ဖြစ်လာနိုင်သလို အသက် (၄၀)အရွယ်ထိလည်း ကစားနိုင်တယ်လို့ ပြောဆိုပါတယ်။
အသက် (၃၄)နှစ်အရွယ် ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီက အိုးလေဒီတို့နဲ့ ပူးပေါင်းခဲ့ပြီး ပြိုင်ပွဲစုံ (၄၃)ပွဲကစား၊ (၂၈)ဂိုးထိ သွင်းယူပြီးတဲ့နောက်မှာ သူဟာ ကြယ်ပွင့်ကစားသမား ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ ဒါ့အပြင် ဂျူဗင်တပ်စ်အသင်းကို ၂၀၁၈-၁၉ ရာသီ စီးရီးအေချန်ပီယံဆုရယူပေးနိုင်ခဲ့ပါတယ်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59859
တင်ဆက် - ယမုံမှူး
#အားကစားသတင်း #SportNews #MizzimaNewsInBurmese #မဇ္ဈိမ