• 7 years ago
ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ရန်ပုံငွေ ပန်းချီပြပွဲပြုလုပ်မည်
***************************
မွန်ပြည်နယ်၊ ရေးမြို့ရှိ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ကူညီလှူဒါန်းရန် ရန်ပုံငွေ ပန်းချီပြပွဲတစ်ရပ်ကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၊ အနော်ရထာပန်းချီပြခန်း၌ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီရေဘေးသင့်ပန်းချီပြပွဲမှာ ပန်းချီကားတွေကို မူလတန်ဖိုးထက် ပြည်သူတွေ၊ လှူဒါန်းတဲ့ သူတွေ လက်ထဲကိုလည်း ဈေးနှုန်းချိုသာစွာနဲ့ ရောက်ရှိသွားစေချင်တဲ့ စေတနာနဲ့ ပြုလုပ်ထားပါတယ်။ ကျသင့် တန်ဖိုးရဲ့ သုံးပုံတစ်ပုံလောက်သာ အခကြေးငွေယူပြီးတော့ ကျွန်တော်တို့ ရောင်းချပြီး ရတဲ့ငွေတွေကို ဒီ ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်” ဟု အနော်ရထာပန်းချီပြခန်းကို တည်ထောင်သူ ဦးမျိုးသော်က ပြောသည်။
ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59999
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ



Category

🗞
News

Recommended