ပုသိမ်တွင် အုပ်စုဖွဲ့ပြီး လမ်းသွားလမ်းလာများကို ရမ်းကားသူများအား ဖမ်းမိ
****************************************
ပုသိမ်မြို့၊ မြကျွန်းသာတွင် အုပ်စုဖွဲ့ကာ လမ်းသွားလမ်းလာများကို ဓားကိုင်ရမ်းကားခဲ့သူ လူငယ်များကို ဖမ်းဆီးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောသည်။
“၀င်ရိုက်ခံရတဲ့ ဆိုင်ကယ်စီးတဲ့ လူငယ် ခြောက်ယောက်ပေါ့။ ငါးဦးက သာမန်ဒဏ်ရာရပြီးတော့ တစ်ဦးကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။ သူတို့ ရန်ဖြစ်နေတာကို ၀င်ဖျန်ဖြေတဲ့  အမျိုးသမီးတစ်ယောက်က သာမန်ဒဏ်ရာ ရတယ်။ အမျိုးသားတစ်ယောက်က ဓားထိုးခံရပြီး၊ ပြင်းထန်တဲ့ဒဏ်ရာ ရတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောသည်။
ရိုက်ကူး-စည်သူမောင်မောင်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60027