မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို အောက်တိုဘာလအတွင်း စတင်ဖွင့်လှစ်နိုင်ရန် စီစဉ်
*************************
မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို လာမယ့်အောက်တိုဘာလအတွင်း စတင်ဖွင့်လှစ်နိုင်အောင် စီစဉ်မှုတွေ ပြုလုပ်နေပါတယ်။ အဆိုပါပြတိုက်ကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဝင်းအတွင်း ဖွင့် လှစ်မှာဖြစ်ပြီး ငွေရတုခေတ်ပြခန်း၊ ရွှေရတုခေတ် ပြခန်း၊ စိန်ရတုခေတ် ပြခန်း၊ မြန်မာ့ ရုပ်ရှင်နှစ် ၁၀၀ ပြည့်ပြ ခန်း၊ ထူးချွန်အကယ်ဒမီ ရရှိမှုပြခန်း၊ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်သော စက်မှု ပြခန်းစသဖြင့် ပြခန်း ၆ ခုနဲ့ စုစည်း ပြသသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ပေါင်း ၇ဝ ကျော်သက်တမ်းရှိတဲ့ ရုပ်ရှင်ကင်မရာတွေ၊ ရိုက်ကူးရေးပစ္စည်းတွေ၊ ရုပ်ရှင်ပိုစတာတွေ၊ အနုပညာရှင်များရဲ့ ရုပ်တုတွေနဲ့ အခြားပါဖော့မန့်ပြသမှုတွေလည်း ပါဝင်မှာဖြစ်ပါတယ်။
ရိုက်ကူး / တည်းဖြတ် - ဖူးအိအိနွယ်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ