Skip to playerSkip to main content
  • 7 years ago
တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌဟောင်း အာမခံလျှောက်ထားမှု နောက်ရုံးချိန်း ပြန်ချိန်း
**************************
"တရားရုံးက ဆေးစာနဲ့  ကျွမ်းကျင်သူကို ခေါ်စစ်ပြီးတော့မှ အာမခံအမိန့်ကို ချမယ်လို့ ပြောတယ်၊ကျွန်တော် တင်ပြတဲ့ဆေးစာတွေကို ထွက်ဆိုပေးနိုင်မဲ့ ကျွမ်းကျင်သူတစ်ယောက်ကို သက်ဆိုင်ရာကျန်းမာရေးဌာနကနေ ခေါ်ယူပြီး စစ်ဆေးပေးဖို့ လျှောက်တယ်”ဟု စွပ်စွဲခံရသူဘက်မှ လိုက်ပါဆောင်ရွက်သော တရားလွှတ်တော်ရှေ့နေ ဦးနေလင်းအောင်က ပြောသည်။

တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌဟောင်း၊ ဘိုကလေးမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဦးစံမင်းအောင်အား တိုင်းဒေသကြီးလွှတ်တော် ဒုညွန်ကြားရေးမှူးဦးဇော်လင်းထွန်းက တိုင်းလွှတ်တော်တွင် အသုံးပြုရန် ကား ငါးစီးဝယ်ယူခဲ့မှုနှင့်ပတ်သက်ပြီး ရာဇသတ်ကြီးပုဒ်မ ၄၀၉ အရဖြင့် တရားစွဲထားသည့်အမှု ဖြစ်သည်။

အမှုတွင် စွပ်စွဲခံရသူဘက်မှ အာမခံလျှောက်ထားမှုကို အာမခံ ပေး၊ မပေး စက်တင်ဘာလ လေးရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့သည်။

ရိုက်ကူး-စည်သူမောင်မောင်

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60136

Category

🗞
News

Recommended