မှတ်တိုင်တွင် ဆိုင်ခန်းဆောက်ခြင်းသည် ကားလက်မှတ်ရောင်းရန်ဟု မြို့တော်ဝန် ဖြေရှင်း
****************************
ဘတ်စ်ကားမှတ်တိုင်တွေမှာ ဈေးဆိုင်ဆောက်တယ်လို့ ဝေဖန်ပြောဆိုနေကြတဲ့အပေါ် ဈေးဆိုင်မဟုတ်ဘဲ ကားလက်မှတ်ရောင်းဖို့သာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဖြေရှင်းလိုက်ပါတယ်။
“လိုအပ်တဲ့ လက်မှတ်ရောင်းဖို့ ကောင်တာလေးတစ်ခုပဲ ကျွန်တော်တို့ ဖွင့်ပေးမှာ။ ဆိုင်ဖွင့်တယ်ပြောနေတာ ပေါ်လစီအရ ဆိုင်မဟုတ်ဘူး။ လက်မှတ်ရောင်းဖို့အတွက် ခရီးသွားတဲ့သူတွေ ဝယ်တတ်၊ သုံးတတ်လာအောင် လုပ်ပေးမှ ချောမွေ့အောင်အတွက် လုပ်ပေးတာ။ ဆိုင်ဖွင့်တာမဟုတ်ဘူး။ အဲ့တော့ ဆိုင်ဖွင့်တယ်ဆိုတဲ့ စွဲချက်ကို ထပ်ထပ်ပါလာလို့ ရှိရင် ပွင့်ပွင့်လင်းလင်းပြောတာ မလုပ်တာပဲရှိတယ်” လို့ သူက ပြောပါတယ်။
ရိုက်ကူး/တည်းဖြတ်- ဖူးအိအိနွယ်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60192
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ