• 7 years ago
တောင်းဆိုချက်အားလုံး အဆင်ပြေမှ အလုပ်ဆက်လုပ်မည်ဟုဆို
***********************
Myanmar Knitting အထည်ချုပ်စက်ရုံမှ အလုပ်သမားများ၏ တောင်းဆိုချက်များ အားလုံး ရရှိသည် အထိဆက်လက်တောင်းဆိုမည်ဟု အလုပ်သမားများ၏ ကိုယ်စားလှယ်ဖြစ်သော ကိုဝင်းဇော်ထွေးက ပြောသည်။
“ခြောက်ချက်အဆင်မပြေသေးတော့ အလုပ်သမားတွေ အကုန်လုံးက အဆင်မပြေမခြင်း ဆန္ဒဖော်ထုတ်မယ်လို့ ပြောတယ်။ ကျွန်တော်တို့က ကိုယ်စားလှယ်ဖြစ်နေတဲ့အတွက် သူတို့ဆန္ဒကိုမေးတယ် ။ ၃၉ချက်နဲ့ တော်ပြီလား လုံလောက်ပြီလား။ အလုပ်ဆက်လုပ်မလားမေးတယ်။ သူတို့က ၃၉ချက်နဲ့ မလုံလောက်ဘူး။ သူတို့ တောင်းဆို တာ ၄၅ချက်ပြည့်စုံမှ အကုန်လုံးအလုပ်ဝင်လုပ်မယ်လို့ ပြောပါတယ်”ဟု ကိုဝင်းဇော်ထွေးကပြောသည်။
ပုသိမ်မြို့ Myanmar Kintting အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် စက်တင်ဘာလ၂ရက်နေ့တွင် အလုပ်သမားအခွင့်အရေးများအတွက် အချက်၄၅ချက်ကို စက်ရုံသို့ တောင်းဆိုခဲ့သည်။ စက်တင်ဘာလ ၃ ရက်နေ့ တွင် စက်ရုံတာဝန်ရှိသူများနှင့်အလုပ်သမားကိုယ်စားလှယ်များ ညှိနှိုင်းရာ တောင်းဆိုချက်များထဲမှ ၃၉ချက်ကို သဘောတူခဲ့ပြီး ခြောက်ချက်အတွက် အဆင်မပြေသေးကြောင်းသိရှိရသည်။
ရိုက်ကူး - စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News

Recommended