ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တဲ့ ဘာကာနဲ့ အင်တာဂန္တဝင်ကစားသမား အီတူး
***************************
ကင်မရွန်းတိုက်စစ်မှူးဟောင်း ဆမြူရယ် အီတူးဟာ အသက် (၃၈)နှစ်အရွယ်မှာ ကစားသမားဘဝကနေ အနားယူတော့မယ်လို့ ကြေညာသွားခဲ့ပါတယ်။
၁၉၉၇ ခုနှစ်မှာ ပရော်ဖက်ရှင်နယ်စီနီယာကစားသမားဘဝကို ရီးယဲလ်မက်ဒရ်စအသင်းနဲ့ စတင်ပွဲထွက်ခဲ့တဲ့ အီတူးဟာ သူ့ရဲ့ကစားသမားဘဝကာလအတွင်း နောက်ဆုံးကစားခဲ့တဲ့ ကာတာအက်စ်စီအသင်းမတိုင်မီ မာယော့ကာ၊ ဘာစီလိုနာ၊ အင်တာမီလန်၊ အန်ဇီ၊ ချယ်လ်ဆီး၊ အဲဗာတန်၊ ဆမ်ဒိုးရီးယားအစရှိတဲ့ အသင်းပေါင်း (၁၃)သင်းမှာ ကစားခဲ့ပါတယ်။
သတင်းအပြည့်အအစုံ - http://mizzimaburmese.com/article/60308
တင်ဆက် - ဖူးအိအိနွယ်
#အားကစားသတင်း #SportNews #MizzimaNewsInBurmese #မဇ္ဈိမ