ကမ္ဘာကြီးပူနွေးလာမှုကြောင့် သန္တာကျောက်တန်းပျက်စီးမှုများ
**************************
ကမ္ဘာပေါ်က သန္တာကျောက်တန်းတွေမှာ သေးငယ်တဲ့ သန္တာကောင်လေးတွေ၊ ပင်လယ်မှိုကောင်တွေစတဲ့ ဇီဝမျိုးကွဲတွေ မှီတင်းနေ ထိုင်နေကြတာပါ။ ဥတုရာသီပြောင်းလာတာနဲ့ အမျှ ပူနွေးလာတဲ့ ပင်လယ်ရေကြောင့် သန္တာကျောက်တန်းတွေ ပျက်စီးလာတဲ့ အန္တာရယ်နဲ့ တွေ့ကြုံနေရပါတယ်။ အက်ဆစ်သဘာဝရှိတဲ့ ပူနွေးတဲ့ရေ အနေအထားမှာ ရှင်သန်နိုင်မယ့် သန္တာကျောက်တန်းတွေ ကို သြစတေးလျ သိပ္ပံပညာရှင်တွေ သုတေသနပြုစမ်းသပ်နေကြတဲ့ အကြောင်း Kevin Enochs ရဲ့ သတင်းလွှာကို မမြသဇင်အောင်က ပြောပြပေးပါမယ်။