မိသားစုနဲ့ကင်းကွာနေတဲ့ ကလေးသူငယ်တွေ အကာအကွယ်ပေးဖို့ စီမံကိန်း စတင်မိတ်ဆက်
#MizzimaTV
မိသားစု၊ ပတ်ဝန်းကျင်နဲ့ ကင်းကွာနေတဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးဖို့နဲ့ မိသားစု ပြန်လည် ပေါင်းစည်းရေးအတွက် ရည်ရွယ်လုပ်ဆောင်မဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစီမံချက်ကို စက်တင်ဘာလ ၁၈ ရက်နေ့က စတင်မိတ်ဆက်လိုက်ပါတယ်။
ဥရောပသမဂ္ဂရဲ့ ကူညီပံ့ပိုးမှုနဲ့ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းလုပ်ဆောင်မဲ့ ဒီစီမံချက်ကို တိုင်းနဲ့ပြည်နယ် ခုနစ်ခုမှာ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။
စီမံကိန်းမျှော်မှန်းချက်တော့ အန္တရာယ်ကျရောက်လွယ်တဲ့ မြန်မာနိုင်ငံက ကလေးသူငယ်တွေအတွက် ကလေးသူငယ်ကာကွယ်မှုစနစ် ပိုမိုအားကောင်းလာစေဖို့ ဖြစ်ပါတယ်။
ရိုက်ကူး၊တည်းဖြတ်- မင်းမင်း၊ မဇ္ဈိမ
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ