Skip to playerSkip to main content
  • 7 years ago
ဧရာဝတီတိုင်းအတွင်း ခရီးသွားလုပ်ငန်းများ ဖော်ထုတ်နိုင်ရန် ပြင်ဆင်နေ
*******************
ဧရာဝတီတိုင်းဒေသကြီးတွင် ကမ်းခြေဒေသများ သာမက ကုန်းတွင်းပိုင်းဒေသများကိုပါ ခရီးသွားလုပ်ငန်းများ ဖော်ထုတ်အကောင်အထည်ဖော်ရန်ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာနကမှ ညွန်ကြ
ားရေးမှူး ဦးဇော်လင်းထွန်း ကပြောသည်။

“ဒေသဆိုင်ရာခရီးလုပ်ငန်းကော်မတီနဲ့ပေါင်းစပ်ပြီးတော့ ခရီးစဉ်ဒေသအသစ်တွေကို ဖော်ထုတ်ဖို့ရှိပါတယ်။ အဓိကရည်မှန်းထားတာတော့ ရွှေသောင်ယံကမ်းခြေ၊ဂေါ်ရင်ဂျီကျွန်းပေါ့။ ရွှေသောင်ယံမှာတော့ ကျွန်တော် တို့က ကမ်းခြေအလျားလည်းရှည်တယ်။

သဲသောင်ပြင်လည်းလှတယ်။ ရေတွေလည်း သန့်ရှင်းကြည့်လင်မှု ရှိတယ်။ ပျက်စီးမှုမရှိသေးပါဘူး။ လက်ရှိမှာလည်း ဟိုတယ်နှစ်လုံးဘဲရှိပါသေးတယ်။ ချောင်းသာနဲ့ ရွှေသောင် ယံ ကူးတဲ့တံတားကိုတည်ဆောက်ပြီးဖြစ်လို့ ဖွံဖြိုးဖို့အလာအလားကောင်းပါတယ်။ ဖော်ထုတ်ပေးဖို့အတွက် စနစ်တကျလုပ်ဆောင်နေပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာနက ညွန်ကြားရေးမှူး ဦးဇော်လင်းထွန်း ကပြောသည်။

ရိုက်ကူး- စည်သူမောင်မောင်

( Zawgyi )

ဧရာဝတီတိုင္းအတြင္း ခရီးသြားလုပ္ငန္းမ်ား ေဖာ္ထုတ္ႏိုင္ရန္ ျပင္ဆင္ေန
*******************
ဧရာဝတီတိုင္းေဒသႀကီးတြင္ ကမ္းေျခေဒသမ်ား သာမက ကုန္းတြင္းပိုင္းေဒသမ်ားကိုပါ ခရီးသြားလုပ္ငန္းမ်ား ေဖာ္ထုတ္အေကာင္အထည္ေဖာ္ရန္ေဆာင္႐ြက္ေနေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားၫြန္ၾကားမႈဦးစီးဌာနကမွ ၫြန္ၾက
ားေရးမႉး ဦးေဇာ္လင္းထြန္း ကေျပာသည္။

“ေဒသဆိုင္ရာခရီးလုပ္ငန္းေကာ္မတီနဲ႔ေပါင္းစပ္ၿပီးေတာ့ ခရီးစဥ္ေဒသအသစ္ေတြကို ေဖာ္ထုတ္ဖို႔ရွိပါတယ္။ အဓိကရည္မွန္းထားတာေတာ့ ေ႐ႊေသာင္ယံကမ္းေျခ၊ေဂၚရင္ဂ်ီကြၽန္းေပါ့။ ေ႐ႊေသာင္ယံမွာေတာ့ ကြၽန္ေတာ္ တို႔က ကမ္းေျခအလ်ားလည္းရွည္တယ္။

သဲေသာင္ျပင္လည္းလွတယ္။ ေရေတြလည္း သန႔္ရွင္းၾကည့္လင္မႈ ရွိတယ္။ ပ်က္စီးမႈမရွိေသးပါဘူး။ လက္ရွိမွာလည္း ဟိုတယ္ႏွစ္လုံးဘဲရွိပါေသးတယ္။ ေခ်ာင္းသာနဲ႔ ေ႐ႊေသာင္ ယံ ကူးတဲ့တံတားကိုတည္ေဆာက္ၿပီးျဖစ္လို႔ ဖြံၿဖိဳးဖို႔အလာအလားေကာင္းပါတယ္။ ေဖာ္ထုတ္ေပးဖို႔အတြက္ စနစ္တက်လုပ္ေဆာင္ေနပါတယ္”ဟု ဟိုတယ္ႏွင့္ခရီးသြားၫြန္ၾကားမႈဦးစီးဌာနက ၫြန္ၾကားေရးမႉး ဦးေဇာ္လင္းထြန္း ကေျပာသည္။

႐ိုက္ကူး- စည္သူေမာင္ေမာင္

Category

🗞
News

Recommended